BCA ACADEMY ၏လာမည့် ၂၀၁၇ ဧပြီ ကျောင်းဖွင့်ချိန်အတွက် ပညာရေးဆွေးနွေးပွဲ နှင့် ဝင်ခွင့်စာမေးပွဲ ကျင်းပခဲ့

Care Forever Services

 

စင်္ကာပူနိုင်ငံ အစိုးရ အင်ဂျင်နီယာ ကျောင်းတစ်ကျောင်း ဖြစ်သည့် BCA ACADEMY (Building & Construction Authority) ၏ လာမည့် ၂၀၁၇ ဧပြီလ ကျောင်းဖွင့်ချိန်အတွက် ပညာရေးဆွေးနွေးပွဲ ကို ၂၀၁၆ နိုဝင်ဘာ (၂၆) ရက်နေ့တွင် နေ့လည် (၂) နာရီ မှ ညနေ (၄) နာရီ  အထိ ရန်ကင်းမြို့နယ်၊ Silver Green Hotel ( Green Hill) တွင် ကျင်းပခဲ့ပါသည် ။

ပညာရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် ကိုယ်စားလှယ်ဖြစ် သည့် CARE FOREVER Education Center မှ ဦးစီး၍ ကျင်းပခဲ့ပြီး BCA ACADEMY မှ ဆရာ/ဆရာမ များ လာရောက် ဆွေးနွေး ပြောကြားခဲ့ပါသည် ။

 

၂၀၁၇ ဧပြီ ကျောင်းဖွင့်ချိန်အတွက် BCA ACADEMY ၏ ဝင်ခွင့်စာမေးပွဲကို နိုဝင်ဘာလ (၂၇) ရက်နေ့ တွင် အဆိုပါ ခန်းမ၌ မနက် (၈) နာရီမှ နေ့လည် (၁) နာရီ အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။