၂၀၁၆ အောက်တိုဘာ နောက်ဆုံး ကျောင်းဝင်ခွင့် အတွက် ပညာရေး ဆွေးနွေးပွဲ နှင့် ဝင်ခွင့်စာမေးပွဲ ကျင်းပခဲ့

Care Forever Services

 

စင်္ကာပူနိုင်ငံ BCA ACADEMY (Building & Construction Authority) ၏ ၂၀၁၆ အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် နောက်ဆုံးအကြိမ် အဖြစ် ကျင်းပသည့် ပညာရေးဆွေးနွေးပွဲ ကို စက်တင်ဘာလ (၂၄) ရက်နေ့တွင် နေ့လည် (၁) နာရီ ခွဲ မှ ညနေ (၃) နာရီ ခွဲ အထိ ရန်ကင်းမြို့နယ် ရှိ Silver Green Hotel ( Green Hill) တွင် ကျင်းပခဲ့ပါသည် ။ ပညာရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် ကိုယ်စားလှယ်ဖြစ် သည့် CARE FOREVER SERVICES CO.,LTD မှ ဦးစီး၍ ကျင်းပခဲ့ပြီး BCA ACADEMY မှ ဆရာ/ဆရာမ များ လာရောက် ဆွေးနွေး ပြောကြားခဲ့ပါသည် ။

 

၂၀၁၆ အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် BCA ACADEMY ၏ နောက်ဆုံးအကြိမ် ဝင်ခွင့်စာမေးပွဲကို စက်တင်ဘာလ (၂၅) ရက်နေ့ တွင် အဆိုပါ ခန်းမ၌ မနက် (၈) နာရီမှ နေ့လည် (၁) နာရီ အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။