2016 October ကျောင်းဖွင့်ချိန် အတွက် Singapore BCA Academy ၏ နောက်ဆုံးအကြိမ် အဖြစ်ကျင်းပမည့် ဝင်ခွင့်ကို လျှောက်ထားနိုင်ပါပြီ

Care Forever Services

 

Care Forever မှ ကြီးမှုး၍ BCA Academy (စင်္ကာပူအစိုးရ အင်ဂျင်နီယာကျောင်း) ၏ 2016 အောက်တိုဘာ ကျောင်းဝင်ခွင့် အတွက် နောက်ဆုံးအကြိမ်ဝင်ခွင့်စာမေးပွဲကို စက်တင်ဘာလ (September,2016) တွင် ထပ်မံကျင်းပပေးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ၁၀ တန်းအောင်မြင်ပြီးသူများနှင့် GCE ‘O’ Level အောင်မြင်ထားသော ကျောင်းသား/ကျောင်းသူ များ အမှတ်စာရင်းအနည်းအများ (လုံးဝ) မလိုဘဲ Engineer ဘာသာရပ် (၈) ခုများထဲမှ မိမိနှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါသည်။ IGCSE လက်မှတ်ရထားသော ကျောင်းသား/သူ များအတွက် ရမှတ် အနည်း အများပေါ်မူတည် ၍ ဝင်ခွင့်စာမေးပွဲ ကင်းလွတ်ခွင့်များလည်း လျှောက်ထားနိုင်ပြီး တိုက်ရိုက်ကျောင်းလျှောက်၍ တက်ရောက်နိုင်ပါသည်။

 

ဝင်ခွင့်စာမေးပွဲအတွက် အထောက်အကူပြု သင်တန်းများကို စတင်ဖွင့်လှစ်ပေးနေပါပြီ။ စာရင်းသွင်း (Registration) များကိုလည်း August လအတွင်း လက်ခံပေးသွားမည် ဖြစ်ပါသည်။ ဝင်ခွင့်အောင်မြင်သောကျောင်းသား/ကျောင်းသူများသည် စင်္ကာပူနိုင်ငံ BCA Academy သို့ တိုက်ရိုက်ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပါသည်။ ၁၀၀ ရာခိုင်နှုန်းပြည့် SCOLARSHIP လျှောက်ထား နိုင်ခြင်း၊ On job training (၆လ) ပါရှိခြင်း၊ လစာများစတင်ရရှိနိုင်ခြင်း နှင့် အနည်းဆုံးလစာ S$2300 ဖြင့်အလုပ်အကိုင်အခွင့်အလမ်းများစွာ ချိတ်ဆက်နိုင်ခြင်း၊  Diploma ပြီးဆုံးသည်နှင့် ဘွဲ့ရရှိရန်အတွက် Singapore နိုင်ငံရှိ အစိုးရကျောင်းများတွင်သာမက Australlia နှင့် နိုင်ငံတကာကျောင်းများတွင်လွယ်ကူစွာ ချိတ်ဆက် တက်ရောက် နိုင်သည့်အတွက် စိတ်ချယုံကြည်စွာ တက်ရောက် သင့်သည့်ကျောင်းဖြစ်ပါသည်။

 

စိတ်ဝင်စားသော ကျောင်းသား/ကျောင်းသူများနှင့်မိဘများ အသေးစိတ်သိရှိလိုပါက BCA Acedamy ၏ မြန်မာပြည် တရားဝင်ကိုယ်လှယ်ရုံး Care Forever Education Centre သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

 

*Phone : 09 8625443, 09 45138 3801, 09-78000 6094

*Address: No. (A1), Room (306), Aung Chan Thar St; Aung Chan Thar Condo, Yankin Tsp, Ygn.