စင်္ကာပူ BCA ACADEMY ၏ ၂၀၁၆ အောက်တိုဘာ ကျောင်းဝင်ခွင့် အတွက် ဒုတိယအကြိမ် ပညာရေးဆွေးနွေးပွဲ နှင့် ဝင်ခွင့် စာမေးပွဲ ကျင်းပခဲ့

Care Forever Services

 

အစိုးရ အင်ဂျင်နီယာကျောင်းတစ်ကျောင်းဖြစ်သည့် စင်္ကာပူနိုင်ငံ BCA ACADEMY (Building & Construction Authority) ၏ ၂၀၁၆ အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် ပညာရေးဆွေးနွေးပွဲ ကို ဇူလိုင်လ (၃၀) ရက်နေ့တွင် နေ့လည် (၁) နာရီ ခွဲ မှ ညနေ (၃) နာရီ ခွဲ အထိ ရန်ကင်းမြို့နယ် ရှိ Silver Green Hotel ( Green Hill) တွင် ကျင်းပခဲ့ပါသည် ။

ပညာရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် ကိုယ်စားလှယ်ဖြစ်သည့် CARE FOREVER SERVICES CO.,LTD မှ ဦးစီး၍ ကျင်းပခဲ့ပြီး BCA ACADEMY မှ ဆရာ/ဆရာမ များ လာရောက် ဆွေးနွေး ပြောကြားခဲ့ပါသည် ။

 

၂၀၁၆ အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် BCA ACADEMY ၏ ဒုတိယအကြိမ် ဝင်ခွင့်စာမေးပွဲကို ဇူလိုင်လ (၃၁) ရက်နေ့ တွင် အဆိုပါ ခန်းမ၌ မနက် (၈) နာရီမှ နေ့လည် (၁) နာရီ အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။