BCA Academy ၏ ၂၀၁၆ အောက်တိုဘာ ကျောင်းဖွင့်ချိန် အတွက် ဒုတိယ အကြိမ် ပညာရေး ဆွေးနွေးပွဲ နှင့် ဝင်ခွင့် စာမေးပဲွဲ ကျင်းပမည်
Care Forever Services
စင်္ကာပူ နိုင်ငံ အစိုးရဝန်ကြီးှဌာန လက်အောက်ရှိ ကျောင်းတစ်ကျောင်းဖြစ်သည့် BCA Academy (Building and Construction Authority) ၏ ပညာရေးဆွေးနွေးပွဲ နှင့် ဝင်ခွင့်စာမေးပွဲကို မြန်မာနိုင်ငံရှိ ပထမဦးဆုံးတရားဝင်ကိုယ်စားလှယ် ဖြစ်သည့် CARE FOREVER SERVICES COMPANY LIMITED မှ ဦးစီး၍ကျင်းပပေးမည် ဖြစ်ပါသည်။
ပညာရေးဆွေးနွေးပွဲကို လာမည့် ဇူလိုင် (၃၀) ရက် စနေ့ နေ့တွင် နေ့လည် (၂) နာရီ မှ ညနေ (၄)နာရီ အထိ SILVER GREEN HOTEL တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲကို ဇူလိုင် (၃၁) ရက် တနင်္ဂနွေ နေ့ မနက် (၈) နာရီ မှ နေ့လည် (၁) နာရီ အထိ ထိုဟိုတယ် ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည် ။
ဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုချင်သော ကျောင်းသား/ကျောင်းသူ တိုင်းအတွက် အနီးကပ် အထောက်အကူသင်တန်းများကို လာမည့် ဇူလိုင်လ (၁၈) ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး Register များကို ဇူလိုင်လ (၂၅) ရက် တနင်္လာနေ့ အထိ လက်ခံပေးသွားမည်ဖြစ်ပါသည် ။ ပညာရေးဆွေးနွေးပွဲကိုလည်း အခမဲ့ ဆွေးနွေးပေးမည်ဖြစ်သဖြင့် တက်ရောက်ချင်သူများ
CARE FOREVER EDUCATION CENTER သို့ ကြိုတင်စာရင်းပေးသွင်း နိုင်ပါသည် ။
Facebook Chat Box မှလည်း စုံစမ်းမေးမြန်းနိုင်ပါသည် ။
Facebook Accouant Name : CareForever Bca, ဖုန်း - ၀၉ ၄၅၁ ၃၈၃၈ ၀၁၊ ၀၉ ၈၆၂၅၄၄၃ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည် ။