BCA ACADEMY ၏ 2016 April Intake အတွက် တတိယအကြိမ် ပညာရေးဆွေးနွေးပွဲ နှင့် ဝင်ခွင့်စာမေးပွဲများ ကျင်းပခဲ့

Care Forever Services

စင်္ကာပူနိုင်ငံ အစိုးရဝန်ကြီးဌာနလက်အောက်ရှိ BCA ACADEMY ၏ ပညာရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် CARE FOREVER SERVICES Co., Ltd မှ ဦးစီး၍ Avenue 64 Hotel (Room 2) ခန်းမတွင် မတ်လ (၂၆) ရက်နေ့ ၁ နာရီခွဲမှ ၄ နာရီအထိ ကျင်းပခဲ့ပါသည် ။ ထိုပညာရေးဆွေးနွေးပွဲတွင် BCA ACADEMY မှ ဆရာ/ဆရာမ များမှ လာရောက်ဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ၊ Scolarship အစီအစဉ်များ နှင့် ကျောင်းပြီးပါက ရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဆွေးနွေးပေးခဲ့ပါသည် ။

BCA ACADEMY ၏ တတိယအကြိမ် အဖြစ်ကျင်းပသည့် 2016 April Intake ဝင်ခွင့်စာမေးပွဲကို မတ်လ (၂၇) ရက်နေ့ Avenue 64 Hotel ( Room 2) ခန်းမတွင် မနက် (၈) နာရီမှ နေ့လည် (၁) နာရီအထိ အောင်မြင်စွာကျင်းပခဲ့ပါသည် ။