2015 April Intake အတွက် ပညာရေးဆွေးနွေးပွဲ ( Seminar) နှင့် Exam ပြုလုပ်ကျင်းပ ပြီးစီးခြင်း

Care Forever Services

 

BCA Academy (Building and Construction Authority)သည် စင်္ကာပူ အမျိုးသားဖွံ့ဖြိုးရေးဝန်ကြီးဌာန (Ministry of National Development) လက်အောက်တွင်ရှိသော အစိုးရကျောင်းဖြစ်ပါသည်။ ရန်ကုန်မြို့ Sedona Hotel ၌ Care Forever Services Co.,Ltd. နှင့် BCA Academy (စင်္ကာပူအစိုးရကျောင်း)တို့ ပူးပေါင်း၍ April Intake အတွက် Seminar နှင့်ဝင်ခွင့်စာမေးပွဲကိုပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ Seminar ပွဲကို စက်တင်ဘာလ 20 ရက်နေ့ တွင် နေ့လည် ၂ နာရီမှ ၄နာရီထိ Sedona Hotel, Yangon တွင် BCA Academy မှ တာဝန်ရှိဆရာများဖြစ်သော Dr Fadzli Hassan နှင့် ဦးရဲဒင်မိုး တို့မှBCA Academy အကြောင်းအသေးစိတ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းသားများ၊ မိဘများနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပါသည်။ု

ထို့နောက် ဆရာများမှ ရှင်းလင်းပြောကြားပြီးသောအခါ ဆရာများနှင့် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ မိဘများနှင့် စိတ်ပါဝင်စားသူများက သိချင်တာများကို အပြန်အလှန်ဆွေးနွေးမေးမြန်းကြပါသည်။ ထို့နောက် Seminar ကို ညနေ ၄နာရီ တွင်ရုတ်သိမ်းခဲ့ပါသည်။ စက်တင်ဘာလ 21 ရက်နေ့ ၌ Sedona Hotel တွင် April Intake အတွက် ဝင်ခွင့်စာမေးပွဲကို မနက် ၈:၀၀ မှ ၉:၃၀ထိ English စာဘာသာရပ် နှင့် မနက် 9နာရီ ၄၅ မိနစ်မှ ၁၁:၁၅ ထိ Maths ဘာသာရပ် တို့ကိုဖြေဆိုခဲ့ပါသည်။ ထို့နောက် နှုတ်ဖြေ (oral Test) ကိုလည်း ကျောင်းသားတစ်ယောက်လျှင် (၅)မိနစ်ခန့်နှုန်းနှင့် ဖြေဆိုခဲ့ကြပါသည်။အဆိုပါ Exam ကိုနေ့လည် (၁) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

ယခု 2015 April Intake အတွက် BCA Academy ဝင်ခွင့် Registration များကို ဒုတိယအကြိမ်စတင်လက်ခံနေပါပြီ။


ဝန်ဆောင်မှုများကိုတိကျမှန်ကန်စွာ ဆောင်ရွက်ပေးနေသည့် Care Forever Services Co.,Ltd. ကိုသာ အမြန်ဆုံး

ဆက်သွယ်လိုက်ပါ။

 

Address   : No 512/B, 4th Ward, Waizayantar Road, South Okkalapa Township, Yangon.
Phone      : 01 571236, 09 5166240, 09 73113092,09 31743835, 09 8625443

 

ယုံကြည်မှုနှင့်သာလာခဲ့ပါ………………
စစ်မှန်မှုကို Care Forever မှပေးပါရစေ။…………..