BCA Seminar ကျင်းပခြင်း ၂၀၁၄ ဇူလိုင် ၂၆

Care Forever Services

 

၂၀၁၄ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် BCA Academy Engineering School မှ ဆရာများနှင့် Care Forever Services Co.,Ltd တို့ပူးပေါင်း၍ BCA Seminar ကို Sedona Hotal ၌ နေ့လည် ၂ နာရီတွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ Seminar သို့ ကျောင်းသားများနှင့် ကျောင်းသားမိဘများအပြင် တခြားစိတ်ပါဝင်စားသူများလဲ တက်ရောက်ခဲ့ပါသည်။

ထို Seminar တွင် Careforever Services Co.,Ltd မှ BCA တာဝန်ခံ မန်နေဂျာ မဝေေ​ဝေအောင်မှ အခမ်းအနားမှုး ပြုလုပ်ကာ BCA Academy အကြောင်းနှင့် တက်ရောက်နိုင်သော ဘာသာရပ်များ အကြောင်း အကျဉ်းချုပ် ပြောပြခဲ့ပါသည်။

ထို့နောက် BCA Academy ၏ဆရာများဖြစ်သော Mr. Victor Tan နှင့်Ms. Christina Cheng တို့မှ BCA Academy အကြောင်း၊ သင်ကြားမူများအကြောင်း၊ Scholarship နှင့် Job attachment များအကြောင်း၊ ကျောင်းတွင်း လှုပ်ရှားမှုအကြောင်းများကိုလဲ အသေးစိတ် ရှင်းပြသွားခဲ့ပါသည်။ Careforever Co.,Ltd မှ MD ဦးမောင်မောင်မြင့်မှ ကျောင်းသားများအား စာကြိုးစားကြရန်နှင့် BCA Academy အကြောင်းကို ထပ်မံရှင်းပြကာ ကျောင်းသားမိဘများနှင့် အပြန်အလှန် ပြောဆိုဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားကို ညနေ (၄)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

 


BCA Entrance Exam

 

BCA Academy ၏ ဝင်ခွင့်စာမေးပွဲကို ၂၇ရက် ဇူလှိုင်လ ၂၀၁၄တွင် Sedonar Hotal first floor Dagon room တွင် နံနက်(၈)နာရီ၌ စတင်ကျင်းပခဲ့ပါသည်။ စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်ကို (၈)နာရီမှ (၉:၃၀)အထိဖြေဆိုရပြီးနောက် ဆယ့်ငါးမိနစ်ခန့်နားကာ Maths ဘာသာရပ်ကို (၉:၄၅)မှ (၁၁:၁၅)ထိဖြေဆိုခဲ့သည်။ထို့နောက်  နှုတ်ဖြေ(Oral Test)ကို BCA Academy ၏ဆရာများဖြစ်သော Mr. Victor Tan နှင့်Ms. Christina Cheng တို့မှ ကျောင်းသားတစ်ယောက်လျှင် ငါးမိနစ်ခန့်နှုန်းဖြင့် စစ်ဆေးခဲ့ပါသည်။