ကျွန်ုပ်တို့ အကြောင်း

 

   Care Forever ၏   

   နိုင်ငံတကာ ပညာရေး၀န်ဆောင်မှုများ 

 

  • Care Forever Education Services သည် မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားများအတွက် ပညာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော နိုင်ငံ့ပညာရေးအနာဂတ်အကျိုးဆောင် နိုင်ငံတကာပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

 

 

   ဘယ်အချိန်က    စတင်တည်ထောင်ခဲ့လဲ ....        

  • Care Forever Services Co.,Ltd ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ 

 

  Care Forever ၏  

  ဝန်ဆောင်မှုလုပ်ငန်းခရီစဥ်  .... 

  • Care Forever Services Co.Ltd သည် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း အပါအဝင် နိုင်ငံတကာပညာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၁၅ နှစ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ 

 

 

  Care Forever ၏  

  လက်ရှိ ဆောင်ရွက်ချက်များ ....

  • လက်ရှိအားဖြင့်၊ ကျွန်ုပ်တို့၏ Care Forever Services သည် ဘဝတွင် မြင့်မားသောရည်ရွယ်ချက်များကြောင့် နိုင်ငံတကာအဆင့်မြင့်ပညာရေးကို ရယူလိုပြီး နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရန် ဆန္ဒရှိသော မြန်မာကျောင်းသားကျောင်းသူများအတွက် နိုင်ငံတကာပညာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိပါသည်။

 

  Singapore နိင်ငံ  

  ပညာရေးဝန်ဆောင်မှု ဆောင်ရွက်ချက်များ  

Singapore နိုင်ငံ၏ လှပသော မြင်ကွင်းတစ်ခု 

  • Care Forever Services Co.Ltd သည် ၂၀၀၈ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ စင်္ကာပူ BCA Academy သို့ မြန်မာ ကျောင်းသားများကို အထူးကောင်းမွန်သော မှန်ကန်တိကျသော ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးလျှက်ရှိပြီး ကျောင်းသားများအတွက် BCA Academy ဝင်ခွင့်စာမေးပွဲကို Intake တစ်ခုချင်းစီအလိုက် နှစ်စဉ်နှစ်တိုင်း (၂လ ၁ကြိမ်) ကျင်းပပေးလျှက် ရှိပါသည်။

 

 

  ထိုင်းနိုင်ငံ   

  ပညာရေးဝန်ဆောင်မှု ဆောင်ရွက်ချက်များ

Thai နိုင်ငံ Bangkok မြို့၏ လှပသော မြင်ကွင်းတစ်ခု 

  • ထိုင်းနိုင်ငံတွင်မူ The University of Commerce and Chamber(UTCC) တက္ကသိုလ်၊ Rangsit University International College (RSU) တက္ကသိုလ်၊ Stamford International University (STIU) တက္ကသိုလ်၊ Bangkok University International (BUI) တက္ကသိုလ်တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

 

 

ဘာကြောင့် 

Care Forever ကို ရွေးချယ်သင့်လဲ

  • ကျွန်ုပ်တို့၏ ပညာရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများက ကျောင်းသားကျောင်းသူများကို မှန်ကန်သော တက္ကသိုလ်ကို ရွေးချယ်ပညာသင်ယူနိုင်ရန်အလို့ဌာ ပညာရေးဆုင်ရာ ခရီးလမ်းအဆင့်ဆင့် ချောမွေ့စေရန် ကျောင်းသားကျောင်းသူများကို ကောင်းမွန်စွာ ကူညီအကြုံပြု ပံ့ပိုးပေးနိုင်ခြင်း 
  • နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်များနှင့် ကောင်းမွန်သော အချိတ်အဆက်ရှိမှုကြောင့် တက္ကသိုလ်ရေးရာ၊ တက္ကသိုလ်ပညာရေးခိုင်မာမှုရှိမရှိစသည်တို့နှင့် ပတ်သက်၍ ခိုင်မာမှုရှိမရှိ စိုးရိမ်နေသော ကျောင်းသူကျောင်းသားများအတွက် စိတ်ချယုံကြည် စိတ်အေးချမ်းစေသော သတင်းအချက်အလက်အမှန်တို့ကိုသာ ပံ့ပိုးပေနိုင်ခြင်း
  • Care Forever Education Services ၏ Passion နှင့် Vision မှာ မြန်မာကျောင်းသူကျောင်းသူများကို အနာဂတ်အောင်မြင်ရေးအတွက် လိုအပ်သော မှန်ကန်သောပညာရေးလမ်းကြောင်းပေါ်သို့  လမ်းညွှန်မြှင့်တင်ပေးနိုင်စွမ်းရှိရန် ဖြစ်ခြင်း

 

 

Care Forever Education Services ကို

စိတ်ချယုံကြည်စွာ

ရွေးချယ်ပေးတဲ့အတွက် 

ကျေးဇူးအထူးတင်ပါတယ်ရှင် !