RSU အကြောင်း
Rangsit University (RSU) အကြောင်း
- Rangsit University (RSU) သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်တစ်ခု ဖြစ်သည်။
- RSU သည် အသက်မွေးဝမ်းကျောင်းပညာရပ်များ အပါအဝင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ဒီဇိုင်းနှင့် စီမံခန့်ခွဲမှု စသည့် အမျိုးမျိုးသော ပညာရပ်များကို အဓိကသင်ကြားပေးပါသည်။
ဘာကြောင့် RSU ကို
ရွေးချယ်သင့်သည်လဲ
- RSU သည် ထိုင်းပညာရေးဝန်ကြီးဌာန၊ ထိုင်းအစိုးရ၏ အဆင့်မြင့်ပညာရေးကော်မရှင်မှ အပြည့်အဝအသိအမှတ်ပြုထားသည့် တက္ကသိုလ်ဖြစ်ပါသည်
- ၎င်း၏ ပညာရေးဆိုင်ရာ ထူးချွန်သော နာမည်ကောင်းနှင့် နိုင်ငံတကာ သင်ကြားမှုစံနှုန်းများကြောင့် ကျော်ကြားသော RSU သည် ပညာရေးအဆင့်အတန်း မြင့်မားသောတက္ကသိုလ်ကောင်းတစ်ခု ဖြစ်ပါသည်
RSU University Campus Compound
- ၁၉၈၆ ခုနှစ်မှ စတင်ခဲ့သော RSU တွင် ဘွဲ့ဒီဂရီသင်တန်းပေါင်း ၁၃၄ မျိုးကို လေ့လာနေသောကျောင်းသား ၂၈,၀၀၀ ကျော်ကို ရှိခဲ့ပါသည်။
- လက်ရှိကာလတွင်မူ RSU တွင် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံတကာ ကျောင်းသားကျောင်းသူပေါင်း ၅၀၀ကျော် ပညာသင်ယူလျက် ရှိပါသည်။
- RSU သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ တက္ကသိုလ်ပေါင်း ၁၄၈ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
RSU ကျောင်းသားကျောင်းသူများ
- RSU ကျောင်းသားကျောင်းသူများသည် မြင့်မားသောပညာရေးစံနှုန်းများနှင့် ထူးချွန်သောလူနေမှုပုံစံများကြားတွင် ပြီးပြည့်စုံသော ဘ၀နှင့်ပညာ မျှတမှုကို ခံစားရရှိနိုင်မည်ဖြစ်သည်
- RSU သည် ဖော်ရွေပြီး အထောက်အကူဖြစ်စေသော လူမှုပတ်ဝန်းကျင်တွင် ကျောင်းသားကျောင်းသူများအား ကောင်းမွန်သော ပညာရေး၊ အပန်းဖြေမှု၊ အားကစားနှင့် ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဆိုင်ရာ အခွင့်အလမ်းများကို ပေးဆောင်ပါသည်
- RSU သည် နိုင်ငံတကာကျောင်းသားကျောင်းသူများအတွက် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘဝနှင့် သင်ယူမှုအတွေ့အကြုံများကို အခြေခံ၍ မတူညီသောရှုထောင့်များနှင့် ထိုးထွင်းသိမြင်မှုများကို ပံ့ပိုးပေးသော သင်ကြားရေးပရိုဂရမ်များနှင့် Campus Life အတွက် သိသာထင်ရှားသောတန်ဖိုးများရှိသော သင်ယူမှုအတွေ့အကြုံများကို ပေးစွမ်းပါသည်
- ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။
- ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော အရည်အသွေးမြင့် ပညာရေးအခွင့်အလမ်းများကို ပေးစွမ်းပါသည်။
ဘာကြောင့်
RIC ကို ရွေးချယ်သင့်သည်လဲ
- စိတ်အားထက်သန်စွာ ပညာသင်ယူနိုင်ရန်၊ မတူကွဲပြားသော အမြင်များကို လေးစားတတ်ရန်၊ စာသင်ခန်းအတွင်းသာမက စာသင်ခန်း အပြင်ဘက်တွင်လည်း အမျိုးမျိုးသော ကျောင်းလှုပ်ရှားမှုများတွင် ပါဝင်တတ်ရန် ကျောင်းသားကျောင်းသူများကို တွန်းအားပေးသည့် ပံ့ပိုးပေးသည့် ပညာရေးအသိုင်းအဝိုင်း ဖြစ်သော RIC သည် ကျောင်းသားကျောင်းသူများအား မိမိကိုယ်ကို ယုံကြည်မှုရှိ စွမ်းရည်ရှိသော ကတိသစ္စာတည်တံ့သည့် ခေါင်းဆောင်ကောင်းများအဖြစ်သို့ ပြောင်းလဲနိုင်ရန် လမ်းညွှန်ပေးပါသည်။
- ပြည်သူ့ရေးရာ၊ ယဉ်ကျေးမှုရေးရာနှင့် Community ရေးရာများတွင် ကျောင်းသားကျောင်းသူများ၏ ပါဝင် ပတ်သက်မှုကို အလေးပေးသည့် RIC ၏ ယဉ်ကျေးမှုအရ ကွဲပြားသော သင်ယူမှုပတ်ဝန်းကျင်တွင်၊ ကျောင်းသားကျောင်းသူတစ်ဦးစီသည် ၂၁ ရာစု ကမ္ဘာ့လူမှုအဖွဲ့အစည်းတွင် ၎င်းတို့၏ ဘ၀တစ်သက်တာအောင်မြင်မှုအတွက် ၎င်းတို့ကိုယ်ကို ကောင်းမွန်စွာ ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်သည်။
RSU ကျောင်းဖွင့်ချိန်များ
June (Summer)
August (1st Semester)
January (2nd Semester)
RSU တည်နေရာ
နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ များ

International Business

Information and Communication Technology

Biomedical Science

Biomedical Engineering

Civil Engineering

Electrical Engineering

College Of Design

Fashion Design

Communication Arts

International Relations and Development

Tourism Hospitality and Sports