ကျန်းမာရေးဝန်ဆောင်မှု

 

   ကောင်းမွန်သော    

   ကျန်းမာရေးမည်သည်  ....    

  ကိုယ် စိတ် နှစ်ပါး  ဘ၀   

  ကျန်းမာစွာ နေထိုင်ကြပါစို့  ....

 

 

 

  SingHealth နှင့်        

  Care Forever တို့၏  ပူးပေါင်းဆောင်ရွက်ချက်များ  

 

Care Forever ကျန်းမာရေး ဝန်ဆောင်မှု ဆိုသည်မှာ ....

  • ကျွန်ုပ်တို့ ၏ Care Forever ကျန်းမာရေး ဝန်ဆောင်မှု မှ လူနာနှင့် မိသားစုဝင်များ အတွက် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှု နှင့် စိတ်ကျေနပ်ပျော်ရွှင်မှု တို့ရရှိစေရန် စစ်မှန်သော စေတနာနှင့် မှန်ကန် တိကျမှုကို ရှေ့တန်း တင်ကာ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်

 

 

ဘာကြောင့် စင်္ကာပူနိုင်ငံမှ

စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို ရွေးချယ်သင့်သည်လဲ ....

  • ကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံများ၊ အထူးပြုဆေးရုံဆေခန်းများ၊ ပွင့်လင်းမြင်သာသော အစိုးရ၊ အရည်အချင်းပြည့်၀သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ရှိမှုနှင့် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ သုတေသနနှင့် နည်းပညာများ စသည့် ယုံကြည်အားထားဖွယ်ရာ ပံ့ပိုးမှုများပေါင်းစပ်ထားခြင်းကြောင့် စင်္ကာပူနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးအပ်ရာတွင် အကောင်းဆုံးသော အနေအထားတွင် ရှိနေသည်
  • စင်္ကာပူနိုင်ငံကို လာရောက်လည်ပတ်သူများသည် ဘေးကင်းလုံခြုံမှုကို ရရှိနိုင်သည့်အပြင်၊  ယဉ်ကျေးမှုအရနှင့် ဘာသာရေးအရလည်း လိုက်လျောညီထွေရှိသော အာရှ ပတ်ဝန်းကျင်တွင် ကမ္ဘာ့အဆင့်မီ ဆေးကုသမှုကို ရရှိနိုင်မည် ဖြစ်ပေသည်

 

 

SingHealth ဆိုသည်မှာ ....

  • SingHealth သည် စင်္ကာပူနိုင်ငံအစိုးရလက်အောက်ရှိ အကြီးမားဆုံးသော ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းစုကြီး ဖြစ်သည်

  • ခေတ်မီ တိကျ မှန်ကန်သော ရောဂါကုထုံးများ၏ ရှေ့ဆောင်လမ်းပြ လည်းဖြစ်သည်

  • SingHealth သည် လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကောင်းဆုံးသောစံနှုန်းများနှင့်အညီ အမျိုးမျိုးသော ရောဂါအထွေထွေများနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်

  • SingHealth သည် အထူးပြု ရောဂါ  အမျိုး ၄၀ နှင့် ပတ်သက်သော စောင့်ရှောက်မှု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုများကို ပံ့ပိုးပေးသည်

 

 

ဘာကြောင့်

SingHealth ကို ရွေးချယ်သင့်သည်လဲ 

  • SingHealth သည် လူနာများအား ကုသရန် ၊  လူနာများ၏ ကျန်းမာရေးစွမ်းအားမြှင့်တင်ရန်နှင့် ကျန်းမာရေးဆိုင်ရာနည်းပညာများ တီထွင်ဆန်းသစ်ရန်၊ လူနာများအား ပြုစုစောင့်ရှောက်ပေးသည့်နေရာနှင့် လူနာများနှင့် ပတ်သက်သော ဆောင်ရွက်ချက်အားလုံးကို စိတ်နှလုံးအရင်းခံဖြင့် ဆောင်ရွက်ရန် ကတိပြုခြင်း 
  • SingHealth သည် လူနာများအတွက် သင့်လျော်ပြီး လက်လှမ်းမီနိုင်သော အရည်အသွေးမြင့် စောင့်ရှောက်မှုများကို အမြဲမပြတ် ပေးအပ်နိုင်ရန် ရည်ရွယ်ခြင်း
  • လူနာဘေးကင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးပိုင်းဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်မှုများနှင့် အကောင်းဆုံးလက်တွေ့ရလဒ်များရရရှိစေရန် ခိုင်မာသောအာရုံစိုက်မှုထားခြင်း
  • SingHealth သည် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ဖြစ်စေရန် ကြိုးစားပြီး လူနာများကို စိတ်ငြိမ်သက်အေးချမ်းမှုကိုလည်း ပေးပါသည်

 

 

 

SingHealth မှ ဆောင်ရွက်ပံ့ပိုးပေးသော

ဆေးရုံဆေးခန်းဆိုင်ရာ အထူးပြုစောင့်ရှောက်မှုများ

SingHealth ဆေးရုံများတွင်

ခေတ်မီ တိကျမှန်ကန်သော အဆင့်မြင့် နောက်ဆုံးပေါ် ကိရိယာများကို အသုံးပြုစစ်ဆေ၍

နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးပြည့် ဝါရင့်ဆရာဝန်များဖြင့် အောက်ပါ ရောဂါအမျိုးမျိုးကို ကုသပေးပါသည်။

 

  • နှလုံးရောဂါ အမျိုးမျိုး
  • အသည်းရောဂါ အမျိုးမျိုး
  • အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါများ
  • ရင်သားနှင့်ပတ်သက်သော ရောဂါများ
  • အထွေထွေခွဲစိတ်ကုသမှုများ
  • ပလက်စတစ်ဆာဂျရီ
  • အရေပြားရောဂါများ
  • နား ၊နှာခေါင်း ၊လည်ချောင်း ရောဂါများ
  • အိပ်စက်ခြင်းနှင့် အသက်ရှူရပ်ခြင်း ပြဿနာများ
  • အားကစားနှင့်ဆိုင်သော ထိခိုက်ဒဏ်ရာရမှုများ
  • ကင်ဆာရောဂါ အမျိုးမျိုး
  • ကျန်းမာရေးစစ်ဆေးခြင်း
  • ကိုယ်တွင်းအင်္ဂါ အစားထိုးလဲလှယ်မှုများ
  • နောက်ဆုံးပေါ်နည်းပညာစက်ရုပ်ဖြင့် ဆီးကျိတ်ခွဲစိတ်ခြင်း (Robot-assisted Laproscopic Radical Prostatectomy)
  • ဟော်မုန်း ရောဂါအမျိုးမျိုး
  • သက်ကြီး ရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု
  • သွေးရောဂါ အမျိုးမျိုး
  • လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှု အမျိုးမျိုး
  • မွေးကင်းစ ကလေး ကျန်းမာရေး စောင့်ရှောက်မှု
  • ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါ အမျိုးမျိုး
  • သားဖွား နှင့် မီးယပ် ရောဂါအမျိုးမျိုး
  • အရိုး နှင့် ပတ်သက်သော ရောဂါအမျိုးမျိုး
  • ဆီး နှင့် ကျောက်ကပ် ရောဂါအမျိုးမျိုး
  • စိတ်ရောဂါ အမျိုးမျိုး
  • ခွဲစိတ်မှုဆိုင်ရာရောဂါများ ကို ရှေးသမရိုးကျနည်းဖြင့် ခွဲစိတ်နိုင်သကဲ့သို့ နာကျင်မှုနည်းသော အပေါက်ဖောက်နည်းပညာ 
  • (Minimally Invasive Surgery ) ဖြင့် ခွဲစိတ်ခြင်း
  • Medical check up ပြုလုပ်ပေးခြင်း

 

 

Care Forever မှ

ဆောင်ရွက်ပေးသော

SingHealth ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ

  • စင်္ကာပူနိုင်ငံ SingHealth လက်အောက်ရှိ ဆေးရုံများမှ ပေးစွမ်းသော၊ ကျန်းမာရေးအတွက် အကောင်းဆုံး နှင့် ယုံကြည်စိတ်ချမှုပြည့်ဝသော ဝန်ဆောင်မှုများကို လက်လွှတ်မခံလိုသူများအတွက် SingHealth ၏ မြန်မာပြည်တရားဝင်ကိုယ်စားလှယ်ဖြစ်သော Care Forever ကို ဆက်သွယ်နိုင်ခြင်း
  • ဆေးကုသမှု နှင့် ပတ်သက်၍ သိလိုသမျှကို စုံစမ်းပေးခြင်း နှင့် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ပေးခြင်း (Care Forever ကို ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ခြင်း)
  • SingHealth နှင့် ပတ်သက်၍ သိလိုပါက  ဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် မိနစ်ပိုင်း ၊ နာရီပိုင်းအတွင်း သိရှိလိုသော အချက်အလက်များ ကို တိကျမြန်ဆန်စွာ စုံစမ်းပေးခြင်း 
  • သွားရောက် ဆေးကုသရာတွင် လိုအပ်သည့် Passport , Visa , e - Dform နှင့် Air Ticket များ စီစဉ်ပေးခြင်း ၊ စင်္ကာပူနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများနှင့် ကြိုတင်ရက်ချိန်းယူပေးခြင်းများကို တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးခြင်း

 

 

 

Singapore နိုင်ငံရောက်သောအခါ

Care Forever မှ

ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများ

စင်္ကာပူနိင်ငံ ချန်ဂီ လေဆိပ်

  • လူနာများနှင့် မိသားစုဝင်များ စင်္ကာပူနိုင်ငံသို့ ရောက်ရှိပြီဆိုလျှင်လည်း Care Forvere Team မှ လေဆိပ်တွင် လာရောက်ကြိုဆိုပေးခြင်း
  • သက်ဆိုင်ရာဆေးရုံသို့ လူနာလွှဲပြောင်းပေးခြင်း
  • သက်ဆိုင်ရာ အထူးကုဆရာဝန်များထံသို့ ညွှန်းပို့ခြင်း
  • ဆေးရုံမတက်မီ ၊ ဆေးရုံတက်နေစဉ် နှင့် ဆေးရုံဆင်းပြီးသည့်နောက်ပိုင်း စသည်တို့တွင် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးခြင်း
  • စင်္ကာပူနိုင်ငံတွင် တည်းခိုနေထိုင်ရန် စီစဉ်ပေးခြင်း
  • ဗီဇာ သက်တမ်းတိုးပေးခြင်း
  • စကားပြန်လိုအပ်ပါက စီစဉ်ပေးခြင်း
  • ဆေးရုံဆင်း၍ ငွေရှင်းသောအခါတွင်လည်း ကုန်ကျစရိတ်များကို မှန်ကန်တိကျစွာ ပေးချေနိုင်ရန် ဆောင်ရွက်ပေးခြင်း
  • သက်ဆိုင်ရာဆေးရုံနှင့် ပတ်သက်သော အချက်အလက်များ စုံစမ်းပေးခြင်း နှင့် အခြား လိုအပ်သော အကူအညီများကို လူနာနှင့် မိသားစုဝင်များ အတွက် အသင့်လျော်ဆုံးနှင့် အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်း
  • ဆေးကုသမှု ခံယူပြီးနောက်ပိုင်း ဝန်ဆောင်မှု      _    စင်္ကာပူနိုင်ငံမှ ဆေးကုသမှုခံယူပြီး မြန်မာပြည့်သို့ပြန်လာသော လူနာများကို နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှု (Follow Up check up)  အတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြန်လည်ပြသနိုင်ရန် စီစဉ်ပေးခြင်း နှင့် စင်္ကာပူနိုင်ငံတွင် ကုသပေးခဲ့သော အထူးကုဆရာဝန်များ မြန်မာပြည်သို့လာရောက်သည့်အခါ လူနာများကို ပြန်လည်ကြည့်ရှုနိုင်ရန်အတွက်လည်း ဆက်သွယ် ဆောင်ရွက်ပေးခြင်း

 

 

 

Care Forever Medical Services ၏  

ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုအချို့   ....     

 

သင် ....

သင့်မိသားစု ...

ကမ္ဘာကြီးအတွက် ပေးစွမ်းနိုင်သော အကောင်းဆုံး လက်ဆောင်ဆိုသည်မှာ 

ကိုယ် စိတ် နှစ်ပါး ဘ၀ ကျန်းမာနေတဲ့ သင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်  .... 

 

 

Medical Seminar - Jan 22 2013

အသည်းကင်ဆာရောဂါအတွက် အသည်းကင်ဆာရှာဖွေရေး နှင့် ထိရောက်သောကုသမှု များကို မန္တလေးမြို့ ရှိ Mandalay Hill Resort Hotel တွင် ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၉ နာရီ မှ စတင်၍ ကျင်းပခဲ့ခြင်း

  • Care Forever Co.,Ltd ၏ MD ဦးမောင်မောင်မြင့် မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၏ ခွဲစိတ်ကုပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာဦးသစ်လွင် က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့သည်
  • စင်္ကာပူနိုင်ငံ အထွေထွေရောဂါကုဆေးရုံကြီးမျ အစာအိမ်အူလမ်းကြောင်း နှင့် အသည်းရောဂါအထူးကု သမားတော်ကြီး Prof Teo Kng Kion နှင့် အသည်းခွဲစိတ်အထူးကုဆရာဝန်ကြီး Dr  Salleh Bin Ibrahim တို့မှ အသည်းရောဂါဆိုင်ရာ နောက်ဆုံးပေါ်ကုသခြင်း နှင့် ပျောက်ကင်းနိုင်ရန် နည်းလမ်းများကို ဆွေးနွေး ဟောပြောခဲ့ကြပါသည် 

 

Medical Seminar - Jan 23 2013

စင်္ကာပူနိုင်ငံ Changi အထွေထွေရောဂါကု ဆေးရုံကြီး၏ အသည်းအထူးကု ဆရာဝန်ကြီးများမှ အသည်းကင်ဆာရောဂါ အကြောင်း ဟောပြောဆွေးနွေးခြင်း

  • စင်္ကာပူနိုင်ငံအစိုးရလက်အောက်ရှိ SingHealth ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစုကြီး၏ ဆေးရုံတစ်ရုံဖြစ်သော Changi အထွေထွေရောဂါကုဆေးရုံကြီးမှ အစာအိမ်အူလမ်းကြောင်း နှင့် အသည်းအထူးကု သမားတော်ကြီး Prof Teo Eng Kiang နှင့် အတူ အသည်းရောဂါ ခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr. Salleh Bin Ibrahim တို့က အသည်းရောဂါ ဖြစ်ပွားရန် အလားအလာရှိသူများသည် တစ်နှစ်(သို့)ခြောက်လ တစ်ကြိမ် ပုံမှန် စစ်ဆေးပေးခြင်းဖြင့် အသည်းကင်ဆာကို စောစီးစွာ သိရှိပြီး ကုသမှုကို ခံယူနိုင်သည့် အကြောင်းနှင့် အသည်းကင်ဆာရောဂါ အတွက် နောက်ဆုံးပေါ်ကုထုံးများ နှင့် ထိုကုထုံးများ ၏ အားသာချက် များ ၊ ဘေးထွက်ဆိုးကျိုးများ အကြောင်းကို ဇန်နဝါရီလ ၂၃ရက်နေ့ တွင် ကုန်သည်ကြီးများ ဟိုတယ်၌ မနက် ၉နာရီ မှ ၁၁ နာရီ အထိ ဆွေးနွေးပြောကြားခဲ့ပါသည်

 

 

Medical Seminar - May 31 2013

စင်္ကာပူနိုင်ငံတွင်ရှိသော စင်္ကာပူအထွေထွေရောဂါကုဆေးရုံကြီးမှ အသည်းအထူးကုဆရာဝန်ကြီးများ လာရောက်၍ အသည်းကင်ဆာရောဂါအကြောင်းဆွေးနွေးခဲ့ခြင်း

  • စင်္ကာပူနိုင်ငံ ရှိ SingHealth ကျန်းမာရေး ဝန်ဆောင်မူအဖွဲ့ကြီး၏ ဆေးရုံတစ်ရုံဖြစ်သော စင်္ကာပူအထွေထွေရောဂါကုဆေးရုံကြီးမှ အသည်းအထူးကုဆရာဝန်ကြီး Prof. Pierce Chow နှင့် ကင်ဆာ အထူးကုသမားတော်ကြီး Dr.Toh Han Chong တို့က အသည်းကင်ဆာရောဂါ၏ နောက်ဆုံးပေါ်ကုထုံးများအကြောင်းကို မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ရှင်းလင်း ဆွေးနွေး ပေးမည်ဖြစ်ကြောင်း သိရပါသည်

 

 

Medical Seminar - July 11 2013

စင်္ကာပူနိုင်ငံ Singapore General Hospital (SGH)မှ ဆီးနှင့် ကျောက်ကပ်အထူးကု ဆရာဝန် Dr.Henry Ho Sun Sien မှ Robotic & Laparoscopic Surgery For Urological Cancers အကြောင်းကို ဆွေးနွေးပေးခဲ့ခြင်း

  • ထို Medical Seminar ကို 11.July.2014 သောကြာနေ့တွင် နေ့လည် (၁)နာရီမှ (၃)နာရီထိ လားရှိုးမြို့ Myanmar Medical Association Hall တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပေးခဲ့ခြင်း
  • ၂၀၁၄ ခုနှစ်၊ဇူလှိုင်လ ၁၁ရက်နေ့ နေ့လည်(၁) နာရီ တွင် Careဃ Forever Services Co.,Ltd နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး)၏ ဖိတ်ကြားစီစဉ်မှုဖြင့် Singapore General Hospital (SGH) မှ ဆီးနှင့် ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်ကြီး Dr.Henry Ho Sun Sien သည် Special CME on Urology ကို မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၊(လားရှိုး) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်
  • ဤသို့ နိုင်ငံခြားမှ အထူးကုဆရာဝန်ကြီးများ၊ဆေးရုံကြီးများနှင့် ပူးပေါင်းပြုလုပ်ခြင်းမှာ လားရှိုးမြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော်စစ်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့် အလုပ်သင်ဆရာဝန်များတက်ရောက်ခဲ့ကြပါသည်

 

 

Medical Seminar - July 16 2013

  • စင်္ကာပူနိုင်ငံရှိ Changi ဆေးရုံကြီးမှ ဆရာဝန်များ လာရောက်၍ အသည်းကင်ဆာ ရောဂါ၊ သွေးကြောထုံးရောဂါ နှင့် ဆီးချိုရောဂါ ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားသော Diabetic Vascular Disease စသည့် ရောဂါများ အကြောင်း ဟောပြာပေးခဲ့သည်

 

Medical Seminar - October 17 2014

  • ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ (သောကြာနေ့)တွင် ရန်ကုန်မြို့၊ Sky Star ဟိုတယ်ခန်းမ၌ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်ပါတ်သတ်၍ ဟောပြောပွဲတစ်ရပ် ကျင်းပခဲ့သည်
  • အဆိုပါအခမ်းအနားတွင် စင်္ကာပူနိုင်ငံမှ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးမှ ပြည်သူများ သိထားသင့်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအဖြစ်များတက်သည့် ရောဂါအခြေအနေများ အကြောင်းကို အောက်ပါခေါင်းစဉ်များဖြင့် လာရောက်ဟောပြောခဲ့သည်

 

 

 

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး  .... 

ကမ္ဘာသူ ကမ္ဘာသား အားလုံး  ....

ကိုယ် စိတ် နှစ်ပါးနှင့် ဘ၀ ညီညွတ်မျှတ ကျန်းမာ ချမ်းသာကြပါစေ ....

 

Care Forver ကျန်းမာရေး ဝန်ဆောင်မှုကို

ရွေးချယ်ပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါတယ်ရှင် !