BCA ACADEMY ၏ အောက်တိုဘာလတွင် ဖွင့်မည့် နောက်ဆုံးကျောင်းဝင်ခွင့် အတွက် ပညာရေးဆွေးနွေးပွဲ နှင့် ၀င်ခွင့် စာမေးပွဲကျင်းပမည်

                  Care Forever မှ ကြီးမှုး၍ BCA Academy (စင်္ကာပူအစိုးရ အင်ဂျင်နီယာကျောင်း) ၏ 2016 အောက်တိုဘာ ကျောင်းဖွင့်ချိန် အတွက် နောက်ဆုံးအကြိမ် ကျင်းပမည့် ကျောင်းဝင်ခွင့်အတွက် ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁နာရီခွဲ မှ ၃နာရီခွဲ အထိ ရန်ကင်းမြို့နယ်၊ ၁၂ လုံးမီးပွိုင့်အနီး အနော်ရထာလမ်း (SILVER GREEN HOTEL) တွင် ကျင်းပပေးမည်ဖြစ်ပြီး ၀င်ခွင့် စာမေးပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီ မှ နေ့လည် ၁ နာရီ အထိ ထိုဟိုတယ်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ ၁၀တန်း အောင်မြင်ပြီးသူများ နှင့် GCE ‘O’ Level ရရှိထားသူများ အမှတ်စာရင်း အနည်းအများ (လုံးဝ) မလိုဘဲ Engineer ဘာသာရပ် (၈) ခုများထဲမှ မိမိနှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်ပြီး ၀င်ခွင့် ဖြေဆို၍ တက်ရောက်နိုင်ပါသည်။ IGCSE လက်မှတ် ရထားသော ကျောင်းသား/ကျောင်းသူများအတွက် ရမှတ် အနည်းအများပေါ် မူတည်၍ ၀င်ခွင့်စာမေးပွဲ ဖြေဆိုစရာမလိုဘဲ တိုက်ရိုက် ကျောင်းလျှောက်ထားနိုင်ပါသည်။ ၀င်ရောက်ဖြေဆိုချင်သော ကျောင်းသားများအတွက် စာရင်းသွင်း (Registration) များကို ၉လပိုင်း (၂၃) ရက်နေ့အထိ လက်ခံပေးသွား မည်ဖြစ်ပါသည်။

      *စိတ်ဝင်စားသော ကျောင်းသား/ကျောင်းသူများ နှင့် မိဘများသည် ပညာရေးဆွေးပွဲသို့ မည့်သည့် စာရွက်စာတမ်းမှ မလိုဘဲ အခမဲ့ တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက BCA ACADEMY ၏ မြန်မာပြည် တရားဝင်ကိုယ်လှယ်ရုံး Care Forever Education Centre သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

         ဖုန်း-  ၀၉ ၄၅၁၃၈ ၃၈၀၁ ၊ ၀၉ ၈၆၂၅၄၄၃