BCA ACADEMY ၏ 2016 OCTOBER INTAKE အတွက် ပညာရေးဆွေးနွေးပွဲနှင့် ဝင်ခွင့် စာမေးပွဲ ကျင်းပမည်

        အင်ဂျင်နီယာ ဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား/ကျောင်းသူများနှင့် မိမိ၏ကလေးကို အင်ဂျင်နီယာကောင်းများအဖြစ် ရပ်တည်လိုသည့် မိဘများအတွက် စင်္ကာပူအစိုးရဝန်ကြီးဌာနလက်အောက်ရှိ BCA ACADEMY ( BUILDING & CONSTRUCTION AUTHORITY) ၏ ၂၀၁၆ အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် ပညာရေးဆွေးနွေးပွဲ (ဧည့်ခံကျေးမွေးခြင်း) အစီအစဉ်ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အောင်ဇေယျလမ်း၊ ၁၂လုံးလမ်း မီးပွိုင့် အနီး ရှိ (SILVER GREEN HOTEL) Green ခန်းမတွင် မေလ (၂၈) ရက်၊ နေ့လည် (၁)နာရီခွဲ မှ ညနေ (၄)နာရီ အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါသည် ။

          အဆိုပါ ပညာရေးဆွေးနွေးပွဲကို BCA မှ တာဝန်ရှိ ဆရာ/ဆရာမ များနှင့် CARE FOREVER EDUCATION CENTER တို့မှ ပူးပေါင်း ၍ ကျင်းပပေးသွားမည် ဖြစ်ပါသည် ။

          ထို့အပြင် BCA ACADEMY ၏ ၂၀၁၆ အောက်တိုဘာကျောင်းဝင်ခွင့် စာမေးပွဲကို မေလ (၂၉) ရက် တနင်္ဂနွေနေ့တွင် ထိုခန်းမ၌ နံနက် (၈) နာရီမှ စတင်ဖြေဆိုရပါမည် ။

          *** CARE FOREVER EDUCATION မှ ပညာရေးနှင့် ပတ်သက်သော ဝန်ဆောင်မှုများ ကို ကျောင်းသား /ကျောင်းသူများ နှင့် မိဘများအား အခမဲ့ ဆွေးနွေးပေးမည်ဖြစ်ပါသဖြင့် ပညာရေးဆွေးနွေးမှုများကို ဝင်ရောက်ဆွေးနွေး နိုင်ရန် ဖိတ်ခေါ်အပ်ပါသည် ။

         *** ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်ချင်သူများ CARE FOREVER EDUCATION CENTER သို့ ကြိုတင်စာရင်းပေးသွင်း နိုင်ပါသည် ။

        Facebook Chat Box မှလည်း စုံစမ်းမေးမြန်းနိုင်ပါသည် ။

        Facebook Accouant Name : CareForever Bcaa

        ဖုန်း - ၀၉ ၄၅၁ ၃၈၃၈ ၀၁၊ ၀၉ ၈၆၂၅၄၄၃ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည် ။