မြန်မာကျောင်းသား/သူများ စင်္ကာပူနိုင်ငံတွင် အင်ဂျင်နီယာကောင်းများ အဖြစ် ရပ်တည်နိုင်မည့် အခွင့်အရေး တစ်ခု အဖြစ် စင်ကာပူ နိုင်ငံရှိ BCA Academy (Building and Construction Authority) တွင် မိမိနှစ်သက်သောဘာသာရပ်အား စိတ်ကြိုက်ရွေးချယ်တက်ရောက် သင်ယူနိုင်ပါသည်။ ထိုBCA Academy ၏ 2015 Oct Intake အတွက် ပညာရေးဆွေးနွေးပွဲကို မေလ ၃၀ ရက်(စနေနေ့) နေ့လည် ၂နာရီမှ ၄နာရီအထိ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်၊ အလုံခန်းမတွင် BCA မှတာဝန်ရှိဆရာများနှင့် Care Forever Services Co.,Ltd တို့ပူးပေါင်း၍ ကျင်းပမည် ဖြစ်ပါသည်။ ထို့ပြင် BCA Academy ၏ ဝင်ခွင့်စာမေးပွဲ ကို မေ ၃၁ ရက် (တနင်္ဂနွေနေ့)တွင် ဆီဒိုနားဟိုတယ် ၌ နံနက် ၈နာရီမှစတင် ဖြေဆိုရပါမည်။
BCA Academy (Building and Construction Authority) သည် စင်္ကာပူနိုင်ငံ ရှိ အမျိုးသား ဖွံ့ဖြိုးရေးဝန်ကြီး ဌာန လက်အောက်တွင် ရှိသည့် အစိုးရ အင်ဂျင်နီယာ ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ထို ကျောင်းတွင် သင်ယူနိုင်သော Engineering ဘာသာရပ် (၈)ခု မှာ
Diploma in Design (Interior and Landscape)နှင့် Diploma in Architecture (Technology) ဘာသာရပ်များ ကို ရွေးချယ်မည်ဆိုပါက English နှင့် Drawing ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး အခြားဘာသာရပ်များကို ရွေးချယ်ပါက English နှင့် Maths ကို ဖြေဆိုရပါမည်။ BCA Academy ၏ Diploma သင်တန်းကာလမှာ (၃)နှစ်ကြာမြင့်မည်ဖြစ်ပြီး (၂)နှစ်ခွဲပြီးဆုံးချိန် တွင်Job Attachment ရှိခြင်းကြောင့် လုပ်ငန်းခွင်မဝင်မှီ ကြိုတင်၍ အလုပ် အတွေ့အကြုံ ရရှိနိုင်မည်ဖြစ်ပါသည်။ BCA Academy မှ ကျောင်းဖွင့်ချိန်မှာ နှစ်စဉ် ဧပြီလ နှင့် အောက်တိုဘာလ များဖြစ်ပါသည်။
BCA Academy ကျောင်းသို့ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူများ နှင့် IGCSE/ GCE ‘O’ Level အောင်မြင်ပြီးသူများ တက်ရောက်နိုင် ပြီး IELTS/TOFEL အမှတ် နှင့် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း အနည်း အများမလိုဘဲ တက်ရောက်နိုင်ပါသည်။ အမှတ်စာရင်း အနည်းအများ မလိုသော်လည်း ဝင်ခွင့်စာမေးပွဲ တွင် ဘာသာရပ်နှစ်ခုလုံး အောင်မြင်အောင် ဖြေဆိုရမည် ဖြစ်ပါသည်။ ပထမနှစ်ရမှတ်ကို ကြည့်ပြီး အမှတ်ကောင်းသော ကျောင်းသားကျောင်းသူများသည် Government Scholarship ကို လျှောက်ထားနိုင်ပါသည်။
ပညာရေးဆွေးနွေးပွဲ တက်ရောက်လိုသူများအနေဖြင့် Care Forever Services သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး ဝင်ခွင့်စာမေးပွဲအတွက် အသေးစိတ် သိရှိလိုသည် များကို BCA Academy ၏ မြန်မာပြည် တရားဝင် ကိုယ်စားလှယ်ရုံးဖြစ်သော Care Forever Services Co., Ltd. ဖုန်း 01-571236, 09-5166 240, 09-8625 443 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။