ကင်ဆာရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
======================
ကင်ဆာရောဂါသည် အအေးမိ ဖျားနာ သကဲ့သို့ ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါ။ ကင်ဆာရှိနေသောသူဆီ မှလည်း သင့်ဆီကိုမကူးစက်နိုင်ပါ။ ခန္ဓာကိုယ် တွင် ပုံမှန်မဟုတ်သော ဆဲလ်များပွားခြင်းကြောင့် ကင်ဆာဖြစ်လာရခြင်းဖြစ်ပါတယ်။
ကင်ဆာရောဂါ ကိုကာကွယ်နိုင်လား။
ကျန်းမာစွာ သက်ရှင်နေထိုင်မှုပုံစံ၊ကင်ဆာဖြစ်စေနိုင်သော အရာများကို ရှောင်ကြဉ်ခြင်းဖြင့် ကင်ဆာဖြစ်ပွားမှုကိုလျော့ချနိုင်ပါတယ်။
ဆေးလိပ်မသောက်သင့်ပါ။ (လေ့လာချက်များအရ ကင်ဆာဖြစ်ပွား မှု နှင့်ဆက်စပ်နေသောကြောင့်)
တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာ နှင့် အဆင့်ဆင့်ပြုလုပ်ထားသော အသင့်စားအစားသောက် များကို ရေရှည်မစားသင့်ပါ။ ဝက်အူချောင်း၊ဝက်ပေါင်ခြောက်၊ငပိ၊၊ငခြောက်၊အချဉ်စိမ်ထားသော အစားအသောက် များကိုရှောင်ကြဉ်သင့်ပါတယ်။
တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းနေ့စဉ်လုပ်ပါ။
အပူချိန်ပြင်းပြင်းနှင့် ချက်ပြုတ်ထားသောအစားအစာများ (အကင်အမျိုးမျိုး)သည် ကင်ဆာဖြစ်စေသော ကာစီနိုဂျင် များ ဖြစ်ပေါ်စေသည်။
နေရောင်ခြည်နှင့် တိုက်ရိုက်ကြာရှည်စွာထိတွေ့ခြင်းကိုရှောင်ပါ။
ခရမ်းလွန်ရောင်ခြည် လွန်ကဲစွာပါဝင်မှုကြောင့် အရေပြား
ကင်ဆာကို ဖြစ်ပေါ်စေသည်။
ဓါတု စက်ရုံ အလုပ်ရုံများ တွင်အလုပ်လုပ်ခြင်း၊အနီးအနားတွင်နေထိုင်ပါက အကာအကွယ်များဝတ်ဆင်ခြင်း၊ဘေးအန္တရာယ် ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာသင့်ပါသည်။
ကာကွယ်ဆေးများ ကြိုတင်ထိုးထားခြင်း။
ပုံမှန်ဆေးစစ်ခြင်း။
အိပ်ရေးဝဝအိပ်စက်ခြင်း စတဲ့ ကျန်းမာတဲ့ အလေ့အကျင့်ကောင်းများကို တည်ဆောက်ပါ။
လူတိုင်း ကျန်းမာ လှပ တဲ့နေ့စဉ် ဘဝကို ပိုင်ဆိုင်နိုင်ပါစေ လို့
Care Forever Services မှ ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ်။