BCA Academy (စင်္ကာပူအစိုးရကျောင်း)၏ အားသာချက်များ နှင့် 2015 April Intake အတွက် Registration များကို လက်ခံခြင်း

BCA Academy Engineering school ၀င်ခွင့် 2015 April Intake အတွက် Registration များကို လက်ခံနေပါပြီ။ စာမေးပွဲဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန် Care Forever Services မှ ရက်တိုသင်တန်းများကို ကျွမ်းကျင် ဆရာမများနှင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးခြင်း စာမေးပွဲအတွက် အတွေ့အကြုံရရှိပြီးသားဖြစ်စေရန် Per Test Exam များကို ပြုလုပ်ပေးချင်းများဖြင့် ၀န်ဆောင်မှုပြည့်ပြည့်၀၀ ပေးနေပါသည်။ Exam Date မှာ September 21 ဖြစ်ပါသည်။ Exam ရက်နီးကပ်နေပြီဖြစ်သောကြောင့် BCA Engineering School (စင်္ကာပူအစိုးရကျောင်း)ကို စိတ်ပါဝင်စား တက်ရောက်လိုသူများ နောက်မကျရလေအောင် မြန်မြန် Registration ပြုလုပ်ဖို့ အကြံပြုပါရစေ။

ယခု BCA Academy (စင်္ကာပူအစိုးရကျောင်း)၏ အားသာချက်များကိုပြောပြပါရစေ။

  • BCA Academy သည် Green Building Technology နှင့်ဆက်စပ်နေခြင်း။
  • ဘာသာရပ်အားလုံးသည် BIM နှင့် ပတ်သတ်သော အသိပညာ ဗဟုသုတများနှင့် နည်းပညာများကို သင်ကြားပေးခြင်း
  • 2015 ခုနှစ်နောက်ပိုင်းတွင် စင်္ကာပူနိုင်ငံတွင်ရှိသော အဆောက်အဦး၏ 80% ကို Building Information Modelling နည်းစနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်သောကြောင့် BIM နှင့်ပတ်သတ်သော ဘွဲ့ရရှိထားသူများမှာ လက်တွေ့ ထိရောက်စွာအသုံးချနိုင်ခြင်း။
  • BCA သည် Diploma ဘွဲ့အပြင် ၄င်းမေဂျာနှင့် ပတ်သတ်သော အခြား Certificate များပါ ထပ်မံရရှိခြင်းကြောင့် လုပ်ငန်းခွင် တွင်များစွာ အထောက်အကူပြုခြင်း။
  • BCA Academy သည် စာတွေ့အပြင် လက်တွေ့လုပ်ဆောင်ရခြင်းကြောင့် မိမိလုပ်ငန်းခွင်တွင် အထောက်အကူပြုခြင်း။
  • Diploma ရရှိပြီး Degree ကိုထပ်မံတက်ရောက်လိုပါက ထူးချွန်သူများ၊ အမှတ်ကောင်းသူများသည် NTU နှင့် Australia ရှိတက္ကသိုလ်များသို့ တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း။

*** BCA Academy မှရရှိသော Diploma လက်မှတ်သည် စင်္ကာပူနိုင်ငံရှိ Polytechnics များနှင့် Australia မှရရှိသော Diploma လက်မှတ်နှင့်ညီမျှပြီး UK Degree ၏ ပထမနှစ် နှင့်တန်းတူဖြစ်ကြောင်း National Recognition Information Centre (NARIC)မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အသေးစိတ်အချက်အလက်များကို www.bcaa.edu.sg/naric.aspx တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

 

 

Exam Date

Seminar Date


Thursday 12
March 2020

Message us on Facebook

BCA Diploma