စင်္ကာပူနိုင်ငံ အစိုးရကျောင်း BCA Academy ၏ ပညာသင်ထောက်ပံ့ကြေး
၂၀၀၈ ခုနှစ်မှစ၍ စကာင်္ပူနိုင်ငံရှိ Engineering အစိုးရကျောင်းဖြစ်သော BCA Academy သည် International Students များအတွက်စတင်ခေါ်ယူခဲ့ပါသည်။ ကျောင်းသား/သူများအတွက် Scholarship ရရှိသည့်အပြင် တစ်နှစ်လုံးအတွက် (S$ 10800) ရရှိမည်ဖြစ်ပါသည်။
အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ချင်သော ကျောင်းသား/သူများအတွက် BCA Academy ကျောင်းသို့ တက်မည်ဆိုပါက နှစ်စဉ်ကျောင်းလခအနေဖြင့် S$ 9095 ကုန်ကျမည်ဖြစ်ပါသည်။ BCA Academy ကျောင်းသို့ဝင်ခွင့်ဖြေဆိုလိုပါက လိုအပ်ချက်များအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ GCE’O’Level အောင်မြင်ထားသူများ၊အမှတ်စာရင်း အနည်းအများနှင့် IELTS/TOEFL certificate အမှတ်များလည်း မလိုအပ်ကြောင်း သိရှိရပါသည်။

ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီးပါက Diploma သင်တန်းကိုစတင်တက်ရောက်နိုင်ပါသည်။ Diploma သင်တန်း(၃)နှစ်တက်ရောက်ပြီးပါက Bachelor ဆက်တက်ချင်သူများအနေဖြင့် (NTU,NUS,etc..) စသည့် University ကျောင်းများသို့တိုက်ရိုက် တက်ရောက်နိုင်ပါသည်။ BCA Academy ကျောင်းတွင် Diploma ပြီးမြောက်ပါက မြန်မာကျောင်းသား/သူများ လုပ်ငန်းခွင် ၀င်ရောက်သည့်အခါ မိမိကိုယ့်ကိုယုံကြည်မှု၊အရည်အသွေး၊အတွေ့အကြုံ၊ အသိပညာများ တိုးတက်ကောင်းမွန်အောင် Care Forever Services Co.,Ltd မှ ကျောင်းသားအမြောက်အများ မွေးထုတ်ပေးနေပါသည်။BCA Academy ကျောင်း၏ အားသာချက်များမှာ အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးလျှက်ရှိပြီး အခြားကျောင်းများနှင့်ယှဉ်လျှင် ကုန်ကျစရိတ်သက်သာသည်ကိုတွေ့ရှိရပါသည်။ BCA Academy၏ အားသာချက်ကတော့ ကျောင်းသား/သူများအတွက် လက်တွေ့ပိုင်းဆိုင်ရာ လေ့လာနိုင်ဖို့စီစဉ်ထားရှိမှုအပိုင်းဖြစ်ပြီး ကျောင်းသား/သူများအနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရွေးချယ်တက်ရောက်နိုင်ပါသည်။ BCA Academy ကျောင်းသည် ကျောင်းသား/သူများ ၏ လိုအပ်ချက်များအနေဖြင့်သင်ကြားမှုပိုင်းဆိုင်ရာကို အမြဲဂရုပြုပြီး၊သင်ယူမှုပိုင်းကိုလည်းအမြဲဆန်းစစ် နေသောကျောင်း တစ်ကျောင်းဖြစ်ပါသည်။
BCA Academy ကျောင်း၏ activities များအား အသေးစိတ် သိရှိလိုပါက
Care Forever Services Co.,Ltd.
Phone
:09-73113092,09-8625443,09-5166240,01-569818 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။







